လိုအပ်သောအရည်အချင်းများ
Ø ဘွဲ့ရရှိသူဖြစ်ရမည်။
Ø အသက်(၃၀-၄၀)နှစ်အတွင်း
Ø Microfinanace လုပ်သက် (၈)နှစ်ရှိရမည်။
Ø ငွေရေးကြေးရေး လုပ်ငန်းပိုင် လုပ်ငန်းစဉ်များအား ကျွမ်းကျင်နာလည်မှုရှိရမည်။
Ø ခေါင်းဆောင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှု အရည်အသွေးများပြည့်စုံရမည်။
Ø ကွန်ပြူတာ ၊ English Language များ ကျွမ်းကျင်ရမည်။
Ø Management Team ဖြင့် ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်နိုင်ရမည်။
Ø တာဝန်ချရာ မြို့နယ်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
Ø လစာနှင့် အခြားခံစားခွင့်များ ကောင်းမွန်မည်။
တာဝန်နှင့်ဝတ္တရားများ
Ø Managing Director ,Deputy Managing Director,Operation Manager တို့မှ ပေးအပ်သောတာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမည်။
Ø ငွေစုငွေချေးလုပ်ငန်းများအားနယ်မြေ ဧရိယာတိုးချဲ့ဆောင်ရွက်ရာတွင် လိုအပ်ချက်များအား Operation Manager ၊ ဌာနခွဲမန်နေဂျာတို့နှင့်အတူ ကူညီဆောင်ရွက်ပေးရမည်။
Ø ဌာနခွဲများ၏ Budget (Monthly ,Quarterly, Yearly)and Business Plan ,Cash flowပြင်ဆင်ခြင်း၊ ရေးဆွဲခြင်းများအား ကူညီဆောင်ရွက်ပေးရမည်။
Ø မြို့နယ်တာဝန်ခံ(သို့) ဒေသဆိုင်ရာ အခြားသောအဖွဲ့အစည်းများနှင့် တွေ့ဆုံသည့်အခါ ဌာနခွဲမန်နေဂျာနှင့်အတူစီစဉ်ဆောင်ရွက်ရမည်။
Ø သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသော နယ်မြေဒေသ၏ Monthly Progress Report နှင့် Field visit Report တို့အား အပတ်စဉ်စီစစ်ကာ Operation Manager ထံသို့တင်ပြရမည်။
Ø ဌာနခွဲများတွင် ငွေကြေးဆိုင်ရာ ပြဿနာများပေါ်ပေါက်လာပါက သက်ဆိုင်ရာ ချေးငွေအရာရှိ၊ မန်နေဂျာ များနှင့်အတူ တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။
Ø ဌာနခွဲအားလုံး၏ Business Plan ရေးဆွဲရာတွင် စီစစ်ဆောင်ရွက်ခြင်း၊ လစဉ်ဝန်ထမ်းများအား သင်တန်းပေးရန်စီစဉ်ဆောင်ရွက်ခြင်း၊ ၀န်ထမ်းအသစ်ရွေးချယ်ရာတွင် ကူညီဆောင်ရွက်ခြင်းများဆောင်ရွက်ရမည်။
Ø ဌာနခွဲများမှ တင်ပြသော MIS Report အား ရုံးချုပ်သို့ အချိန်မှီပေးပို့တင်ပြနို်င်ရန်အတွက် စီစစ်ညွှန်ကြားဆောင်ရွက်ပေးရမည်။
Ø ၀န်ထမ်းများအချင်းချင်းဆက်ဆံခြင်းဖြစ်စေ၊ အသင်းသားများနှင့်ဆက်ဆံခြင်းဖြစ်စေ၊ အာဏာပိုင်အရာရှိများ နှင့်ဖြစ်စေ ဆက်ဆံမှုအဆင်ပြေစေရန်နှင့် ဌာနခွဲအားလုံးတွင်စည်းလုံးညီညွှတ်စေရန်အတွက် ၀န်ထမ်းများအားလေ့ကျင့်သင်ကြားဆောင်ရွက်ပေးရမည်။